ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းေဒသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင် ၂၄ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်အား ဒေသခံပြည်သူများနှင့်အတူ တက်ရောက်စိုက်ပျိုးပေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ဗြူးအုပ်ဆောင်း၅၀၀၊ မဓမ ၂၀၀၊ ဗြူးခြေထောက် ၆၆၅၊ အုန်းပင်၃၅ ပင် စုစုပေါင်း အပင်  ၁၄၀၀  တို့အား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တပျော်တပါးစိုက်ပျိုးပေးခဲ့ပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးနေမှုများအားလိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ယခုနှစ်တွင် နိုင်ငံပိုင်ဒီရေတောစိုက်ခင်း  ၁၄၀၀ ဧက၊ ဒီရေတော ထင်းစိုက်ခင်း ၅၀၀ဧက၊ စုစုပေါင်း ဒီရေတောစိုက်ခင်း ၁၉၀၀စိုက်ပျိုးမှာဖြစ်ပြီး စိုက်ခင်းအားလုံးစိုက်ပျိုးထူထောင်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

24-Jul-2024
2025 Ayeyarwady Division