ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းအစည်းအဝေးသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့က ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းအစည်းအဝေးသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများ၊ အခြေခံလူဦးရေစာရင်းများမှန်ကန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လာမည့်ရွေးကောက်ပွဲအတွက် လူဦးရေကိန်းဂဏန်းအချက်အခက်အလက်များမှန်ကန်ရေး ဆာဗာအတွင်းသို့ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လာမည့်​ရွေး​ကောင်ပွဲတွင် အ​ခြေခံမဲစာရင်းများမှန်ကန်မှုရှိ​စေ​ရေး၊ နိုင်ငံသားတိုင်းမဲ​ပေးနိုင်​ရေးအတွက် ကိုင်​ဆောင်လက်မှတ်မရှိသူများအား ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်​ရေးကတ်ပြားများပြုလုပ်​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ လူဦးရေစာရင်းဇယားများ၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပေးပြီးဖြစ်ပါကြောင်းနှင့် မွေးဖွား၊ သေဆုံးမှုစာရင်းများမှန်ကန်မှုရှိ​စေရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ တိုက်ဆိုင်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်မှသာ  ကိန်းဂဏန်းအချက်အလက်များ မှန်ကန်နိုင်မည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” မှာကြားကာ အထွ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာ​ရေးဦးစီးဌာနတို့မှ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ဆာဗာအတွင်း လူဦး​ရေဆိုင်ရာအချက်အလက်များအားဖြည့်သွင်း​ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

25-Jun-2024
2025 Ayeyarwady Division