ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွေတံဆိပ်လေးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အဆင့်သုံးရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအားဂုဏ်ပြုပွဲနှင့် ၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွေတံဆိပ်လေးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အဆင့်(၃) ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဂျူဒိုအသင်းအုပ်ချုပ်၊ နည်းပြနှင့် ကီလိုတန်းအလိုက် ဆုတံဆိပ်ရရှိသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၃)ခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အဆင့်(၃) ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိပြီး တိုင်းဒေသကြီးဂုဏ်ကို ဆောင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆုတံဆိပ်ရရှိသည့် အားကစားသမားအနေဖြင့် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အနေဖြင့်လည်း အောင်မြင်မှုများရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်" အမှာစကားများပြောကြားပြီး ဂျူဒိုပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ဂျူဒိုအသင်းအုပ်ချုပ်သူက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့မှ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ အားကစားပစ္စည်းပေးအပ်ရာတာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အလေးမနှင့်ကာယဗလလေ့ကျင့်ရေးစခန်း၊ ကြက်တောင်အားကစားခန်းမ၊ မြဧရာရေကူးကန်၊ ဖူဆယ်အားကစားကွင်းများတွင် အားကစားနည်းများအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

09-Jun-2024
2025 Ayeyarwady Division