ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ​ငွေတံဆိပ် (၂)ခု၊ ​ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများအား ဂုဏ်ပြုကြိုဆို

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းတွင် ပြုလုပ်သည့် အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ​ငွေတံဆိပ် (၂)ခု၊ ​ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲသို့တက်ရောက်ခဲ့သည်။

ဦးစွာ အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆုရ မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပန်းစည်းများ၊ ပန်းကုံးများဖြင့် ​သောင်း​သောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ​လာအိုနိုင်ငံ ၊ ဗီယန်ကျင်းမြို့တွင်ကျင်းပခဲ့သည့် အ​ရှေ့​တောင်အာရှဂျူနီယာချန်ပီယံရှစ် ၂၀၂၄  (၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ​ငွေတံဆိပ် (၂)ခု၊ ​ကြေးတံဆိပ် (၁) ခုရရှိ​အောင် စွမ်း​ဆောင်နိုင်ခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများကို ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် အမျိုးသား အားကစားပွဲ​တော်တွင် တိုင်း​ဒေသကြီးအ​နေဖြင့် ဝင်​ရောက်ယှဥ်ပြိုင်​ရေးအတွက်လည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုများရရှိခဲ့သည့်အတွက် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါ​ကြောင်း ၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်းအား ယခုထက်ပိုမိုမြင့်မား​ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဂုဏ်ပြု” အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုပန်းစည်းများပေးအပ်ခဲ့သည်။ 

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ကဂုဏ်ပြုဆုငွေများ ဆက်လက်ပေးအပ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား ေရွှတံဆိပ် ၃ ခု၊ ငွေတံတံဆိပ် ၁ ခုရ  မောင်ဟိန်းသီဟအောင်က ပြိုင်ပွဲအတွေ့အကြုံများနှင့်  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

30-May-2024
2025 Ayeyarwady Division