ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုများနှင့် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုနှင့် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်ရာတွင် တိုင်းဒေသကြီး၏ ရေမြေနှင့်ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ကြောင်း၊ စမ်းသပ်မောင်းနှင်၍ လိုအပ်ချက်များကိုလည်း တစ်ပါတည်းပြုပြင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်အသုံးပြုပါက ကြဲခင်းစနစ်များကိုလည်း လျော့နည်းပပျောက်သွားစေမည်ဖြစ်ပါကြောင်း၊ တောင်သူများအတွက် အကျိုးပြုမည့် လက်ဆွဲကောက်စိုက်စက်များ အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်” မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား အားပေးစကားများပြောကြားခဲ့ကာ တာဝန်ရှိသူများအား ကျောင်းစတင်အပ်နှံသည့်နေ့မှ နေ့အလိုက် ကျောင်းလာရောက်အပ်နှံမှု အခြေအနေများ၊  ရည်မှန်းကျောင်းသားဦးရေ အတိုင်းပြည့်မီအောင် အပ်နှံနိုင်မှုအခြေအနေများအား မေးမြန်းခဲ့ပြီး ကျောင်းအတွင်း၊ အပြင်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး၊ ကျောင်းသား ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှု မရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ အပ်နှံရန်ကျန်ရှိသူများရှိပါက အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

29-May-2024
2025 Ayeyarwady Division