ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်၍ စိုက်ပျိုး​မွေးမြူ​ရေးလုပ်ငန်းများကြည့်ရှုအား​ပေး

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ခတ္တိယကျေးရွာ၊ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်၍ GW-11နွေစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအား​ပေးခဲ့ပြီး ငါးနှင့်စပါး အလှည့်ကျ မွေးမြူ၊ စိုက်ပျိုးရာတွင် အထွက်တိုး မျိုး​ကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးမွေးမြူကြရန် မှာကြားခဲ့ပါသည်။

အဆိုပါ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ၏ ငါး​မွေးမြူ​ရေးကန်များမှ ငါးဖမ်းပြီး လှပ်ထားသည့် ဧက ၁၆၀၀ တွင် ​နွေစပါး GW-11 ၈၉၀ ဧက၊ ထွန်းပု ၄၆၅ ဧက၊ ရက်ကိုးဆယ် ၂၄၅ ဧက စိုက်ပျိုးထားရှိပြီး GW-11နွေစပါးစံကွက် ရိတ်သိမ်းရာတွင် ၁ ဧကလျှင် စပါးအခြောက် ၁၃၀ တင်း ထွက်ရှိ​​ပါသည်။ စပါးသိမ်းပြီးစီးသည့်ငါးကန်များတွင် ရေပေးသွင်းကာငါးများပြန်လည်မွေးမြူထားကြောင်းသိရသည်။ ငါးဖမ်းပြီးချိန်တွင် စပါးစိုက်ပျိုးခြင်း​ကြောင့် ငါးမှစွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုး​ရေးအတွက် မြေသြဇာအဖြစ်ရရှိခြင်း၊ သွင်းအားစုကုန်ကျစရိတ်များ​လျော့ချနိုင်ခြင်း၊ ငါးပြန်လည်​မွေးမြူရာတွင် အဆိပ်အ​တောက်ဖြစ်​စေနိုင်သည့် အမိုးနီးယားကို​လျော့ချ​​ပေးနိုင်ခြင်း၊ စပါး၊ ငါး ဝင်​ငွေနှစ်မျိုးရရှိနိုင်ခြင်း စသည့် အကျိုး​ကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ ငါး​မွေးမြူ​ရေးကန်အမှတ်(R2) ၁၆ ဧကတွင် ငါးမြစ်ချင်းငါးဖမ်းဆီးနေမှုများကို ကြည့်ရှုခဲ့သည်။

20-Apr-2024
2025 Ayeyarwady Division