ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်နှင့် ပုသိမ်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ် များအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝဲကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှု များကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ ဆက်လက်သွားရောက်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။

14-Mar-2024
2026 Ayeyarwady Division