ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနေမှုများကိုကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၆)၊ (၈)၊ (၇) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆို နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူး ဂရုပြုဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ စာစစ်ဌာန (၂၃၀) ခုတွင် မြန်မာစာ ဘာသာရပ်အား ကျောင်းသား(၇၇၆၃)ဦး၊ ကျောင်းသူ (၁၁၁၈၀)ဦး၊ စုစုပေါင်း(၁၈၉၄၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။

11-Mar-2024
2026 Ayeyarwady Division