ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် ပြည်သူများ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန်အတွက် ကန်သုံးဆင့် ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂျပန်မြက်စိုက်ပျိုးခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ Flower Box ပြုလုပ်ထားရှိမှု၊ လျှောက်လမ်း ဖောက်လုပ်ထားရှိမှု၊ ပန်းအလှပင်များစုဆောင်းထားရှိမှုနှင့် ဘဲစာမြက်များစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများ၏ ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြမှုအပေါ် တို်ငးဒေသကြီးဝန်ကြီးချုပ်မှ အများပြည်သူများ စိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊ မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များစနစ်တကျပျိုးထောင်စေရေး၊ ပန်းအလှပင်များစနစ်တကျ စိုက်ပျိုးစေရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။

23-Feb-2024
2025 Ayeyarwady Division