ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်နေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဖျော်ဖြေရေး အဖွဲ့များက သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ တိုင်းအဆင့် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး တတိယဆု၊ အလယ်တန်းအဆင့် တတိယဆု၊ အခြေခံပညာအထက်တန်းဆင့် ကဗျာ တတိယဆု၊ အလယ်တန်းအဆင့် တတိယဆု ရရှိသူများကို ပုသိမ်လေတပ် စခန်းဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး တတိယဆု၊ ကဗျာ တတိယဆု၊ ဌာနဆိုင်ရာပြခန်း တတိယဆု၊ MSME ပြခန်း တတိယဆု ရရှိသူများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ဒုတိယဆု၊ အလယ်တန်းအဆင့် ဒုတိယဆု၊ အခြေခံပညာ အထက်တန်းအဆင့် ကဗျာ ဒုတိယဆု၊ အလယ်တန်းအဆင့် ဒုတိယဆု ရရှိသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး ဒုတိယဆု၊ ကဗျာ ဒုတိယဆု၊ ဌာနဆိုင်ရာပြခန်း ဒုတိယဆု၊ MSME ပြခန်း ဒုတိယဆု ရရှိသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပထမဆု၊ အလယ်တန်းအဆင့် ပထမဆု၊ အထက်တန်းအဆင့် ကဗျာ ပထမဆု၊ အလယ်တန်းအဆင့် ပထမဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက လည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး ပထမဆု၊ ကဗျာ ပထမဆု၊ ဌာနဆိုင်ရာ ပြခန်း ပထမဆု၊ MSME ပြခန်းပထမဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပညာအလင်္ကာတေးဂီတအဖွဲ့မှ ပြည်ထောင်စုနေ့ဂုဏ်ပြုတေးသီချင်းများဖြင့်လည်းကောင်း၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ် မြန်မာရိုးရာကျေးလက်အကအဖွဲ့၊ ကရင်ရိုးရာဒုံးယိမ်းအကအဖွဲ့၊ ချင်းရိုးရာအကအဖွဲ့၊ ရခိုင်ရိုးရာအကအဖွဲ့နှင့် တိုင်းဒေသကြီးကိုယ်စားပြု တူယှဉ်နွှဲပျော်ဂီတပွဲတော် winner ဆုရှင် များ၏ သီဆိုကပြဖျော်ဖြေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုညစာ အတူတကွ သုံးဆောင် ခဲ့ကြကာ အဆိုရှင်များ၊ အကအဖွဲ့များနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းက ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

12-Feb-2024
2025 Ayeyarwady Division