ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအကအဖွဲ့ ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအကအဖွဲ့ ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖျော်ဖြေရေးအကအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ကပြဖျော်ဖြေမည့် ဖျော်ဖြေရေးအဖွဲ့အားဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၇၅နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့တွင် ဂုဏ်ပြုယာဉ် တတိယ ရရှိခဲ့ပြီး အားနည်းချက်အားသာချက်များကိုပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့ရာ ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုယာဉ် ပထမ ရရှိခဲ့ပါကြောင်း၊ ယခုတွင်လည်း ဖျော်ဖြေရေးအဖွဲ့များအား ကြိုတင်၍ စုစည်းမှုကောင်းကောင်းဖြင့် စနစ်တကျလေ့ကျင့်ပြင်ဆင်ခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် သွားရောက်ကပြဖျော်ဖြေခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် သွားရောက်ဖျော်ဖြေမည့် ဖျော်ဖြေရေးအကအဖွဲ့အနေဖြင့် တက်ညီလက်ညီအားကြိုးမာန်တက် ဖျော်ဖြေရန်နှင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင်သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဖျော်ဖြေရေးအဖွဲ့အကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအကအဖွဲ့အား ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ကာ အကအဖွဲ့အားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

31-Jan-2024
2025 Ayeyarwady Division