ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ( Myanmar National League-2 Promotion Amateur Culb Tournament) ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော RANGER Football Club အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ( Myanmar National League-2 Promotion Amateur Culb Tournament) ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အခြေစိုက် RANGER Football Club အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီလ(၃)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော RANGER Football Club အသင်းမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား RANGER Football Club အသင်းနည်းပြချုပ်က ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ( Myanmar National League-2 Promotion Amateur Culb Tournament) ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့အောင်ကြိုးစားခဲ့ကြသည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ဘောလုံးအားကစားနည်းနှင့် အခြားသောအားကစားနည်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မကြာမီကာလတွင် အားကစားသိပ္ပံတစ်ခု ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိပြီး ကိုးသိန်းအားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘောလုံးအားကစားနည်းအား အပျော်တမ်းမှ ပရော်ဖက်ရှင်နယ် စနစ်ကို သွားမည်ဆိုပါက ယခုကဲ့သို့ပြိုင်ပွဲများပြုလုပ်ပေးခြင်းသည် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများအတွက် လမ်းဖွင့်ပေးရာနေရာတစ်ခုဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော RANGER Football Club အသင်းအား များစွာဂုဏ်ယူပါကြောင်းနှင့် လိုအပ်သည့်ကိစ္စရပ်များကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပြီး အောင်ပွဲရRANGER Football Club အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။

04-Jan-2024
2025 Ayeyarwady Division