ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ တာလွှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် (၂၆)မြို့နယ်မှ စက်ဘီးပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ၊ တာလွှတ်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲဝင် အားကစားသမား (၇၀)ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှ စတင်၍ ပုသိမ်တံတားအမှတ်(၂)၊ သံပတ်ခွ၊ ပုသိမ်အမှတ်(၁)ကြိုးတံတား၊ တဲကြီးကုန်းလမ်း ထိုမှတဆင့်ကိုးသိန်းအားကစားကွင်းသို့ ပန်းဝင်ရောက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးသိန်းအားကစားခန်းမ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်ပြုလုပ်သည့် ဌာနပေါင်းစုံ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ လျှော်တိုင်တက်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းက တိုင်းရင်းသားရေးရာဝန်ကြီးက ငွေသားဆုများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အသင်းအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းအား သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးအသင်းအား စီးပွားရေးရာဝန်ကြီးက ငွေသားဆုများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ပြည်သူ့ဆေးရုံအသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းအား စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် ဇနီးတို့ကလည်းကောင်း၊ အမျိုးသမီး စက်ဘီးပြိုင်တွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားစက်ဘီးပြိုင်ပွဲတွင် စက်ဘီးပြိုငွဲတွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

04-Jan-2024
2025 Ayeyarwady Division