ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းနေကြာဧကပြည့်မီရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ရုံးချုပ်နေကြာစိုက်ပျိုးရေးပညာရှင်များက ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်ရှိဝန်ထမ်းများနှင့် တောင်သူများသို့နည်းပညာဆွေးနွေးပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းနေကြာဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ နေကြာစိုက်ပျိုးရေး ပညာရှင်များက ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်ရှိဝန်ထမ်းများနှင့်တောင်သူများသို့ နည်းပညာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်လျက်ရှိရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် သွားရောက် တွေ့ဆုံအားပေးခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ နေကြာစိုက်ပျိုးရေးပညာရှင်များဖြစ်သည့် ဒေါက်တာ ခင်မာလာမြင့်၊ ဒုတိယညွှန်ကြားရေးမှူး (သီးနှံကာကွယ်ရေးဌာနခွဲ)၊ ဒေါက်တာခင်ခင်မူ၊ ဦးစီးအရာရှိ(မြေအသုံးချရေးဌာနခွဲ)၊ဒေါက်တာလဲလဲ့၊ဦးစီးအရာရှိ(မျိုးစေ့ဌာနခွဲ)၊ဦးအေးမင်းထွန်း၊ ဦးစီးအရာရှိ(စိုက်ပညာဌာနခွဲ)၊ ဦးစိုးလင်း၊ လက်ထောက်သုတေသနအရာရှိ ( စိုက်ပျိုးရေး သုတေသနစီပင်ခြံ)တို့က နေကြာအထွက်နှုန်းများ တိုးတက်စေရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တောင်သူများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပညာရှင်များက ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက် သီးနှံများဖြစ်ထွန်းအောင်မြင်ရေးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးပညာရှင် များအား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပေးကြစေလိုကြောင်းနှင့် ဆွေးနွေးမှုများအား စနစ်တကျမှတ်သား၍ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး လိုက်နာဆောင်ရွက်ကြရန်”အမှာစကားများပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက် လာကြသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။

03-Jan-2024
2025 Ayeyarwady Division