ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ သိပ္ပံကုန်းကြီးကျေးရွာ၊ အထက (သိပ္ပံကုန်းကြီး)ကျောင်းဝန်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အထက (ခွဲ) - သိပ္ပံကုန်းကြီးမှ အထက - သိပ္ပံကုန်းကြီးသို့ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၂၁.၁၁.၂၀၁၇) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ သိပ္ပံကုန်းကြီးကျေးရွာ၊ အထက (သိပ္ပံကုန်းကြီး)ကျောင်းဝန်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အထက (ခွဲ) - သိပ္ပံကုန်းကြီးမှ အထက - သိပ္ပံကုန်းကြီးသို့ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ပေးအပ်သော ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်အလံအား လက်ခံရယူပြီး ဝန်ကြီးချုပ်မှ အားကစားပစ္စည်းများ ပြန်လည်ပေးအပ်ကာ ကျောင်းသား/သူများမှ ကရင်ရိုးရာ ဝါးညှပ်အကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

22-Nov-2017
2025 Ayeyarwady Division