ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်၊ ကျန်းမာ​ရေး​စောင့်​ရှောက်​ပေး​နေမှုများကြည့်ရှုအား​ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့​နောက် ပုသိမ်မြို့၊ မြန်မာ့စီးပွား​ရေးဘဏ်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်​ပေး​နေမှုအ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "ပင်စင်လာ​ရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ လိုအပ်သည်များ ကူညီ​ဆောင်ရွက်​ပေးရန်၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ပေးနိုင်​ရန်အတွက် ​ဌာနဆိုင်ရာများ ပေါင်းစပ်​ဆောင်ရွက်​ပေးရန်၊ ဘဏ်သို့ပင်စင်လာ​ရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ပေးနိုင်​ရေး​ဆောင်ရွက်​ပေးရန်၊ ၆ လ ၁ ကြိမ် ကျန်းမာ​​ရေးစစ်​ဆေးမှုများ ပြန်လည်​ဆောင်ရွက်​ပေးရန်" မှာကြားခဲ့ပါသည်။ ထို့​နောက် တာဝန်ရှိသူများက ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ပုသိမ်ပြည်သူ့​ဆေးရုံကြီးတွင် ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ ​ပေးခဲ့ပြီး လိုအပ်​သော​ဆေးဝါးများ ​ထောက်ပံ့​ပေးခဲ့ပါသည်။

ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ် ခုတင်(၁၀၀)​ဆေးရုံတွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါအထူးကု၊ ဓာတ်မှန်အထူးကု၊ အရိုးအကြောအဆစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှု၍ အားပေးစကားများ​ပြောကြားခဲ့ကာ ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။

29-Dec-2023
2025 Ayeyarwady Division