ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကွင်းဆင်းကုသရေးအဖွဲ့အားတွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များ၌ ယခုလ၁၁ရက်နေ့မှ ၁၄ရက်နေ့အထိ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းအခမဲ့ကုသပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်တမ်းကောက်ယူခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ပေးခဲ့သည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကွင်းဆင်းကုသရေးအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့သည်။

အဆိုပါကုသရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များရှိဒေသခံပြည်သူများအား သွားနှင့်ခံတွင်းအခမဲ့ ကုသပေးခြင်း(၁၀၂၂)ဦး၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း (၁၉၅၂)ဉီး၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်တမ်းကောက်ယူခြင်း(၁၆၇၃)ဦး၊ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း (၂၁၉၀)ဦးအား ကုသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

15-Dec-2023
2026 Ayeyarwady Division