ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် မရမ်းချိုကျောင်းတိုက် ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအား တက်ရောက်ဖူးမြော်ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မရမ်းချိုကျောင်းပရိယတ္တိစာသင်တိုက်နှင့် ဓာတုဝိဇ္ဇာပရိယတ္တိပဋိပတ္တိကျောင်းတိုက်များ၏ ပဓာနမဟာနာယက ဘဒ္ဒန္တသောဘိတ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဆရာတော်ဘုရာကြီး၏ သက်တော်(၈၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မရမ်းချိုကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးအမှူးရှိသော ရဟန်း ၅၁ပါး၊ သာမဏေ ၂၀၁ပါး စုစုပေါင်းသံဃာတော် ၂၅၂ပါးတို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

13-Dec-2023
2026 Ayeyarwady Division