ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုတွင် လယ်ဧက ၃၅၀ ဧကအားအကျိုးပြုမည့် ရှင်ပြန်မြောင်းမှ လယ်တီစုရွာဖျားအထိ ကားလမ်းဘေးဝဲယာ မြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဒီဇင်ဘာလ ၇ရက် နေ့ မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုတွင် လယ်ဧက ၃၅၀ ဧကအားအကျိုးပြုမည့် ရှင်ပြန်မြောင်းမှ လယ်တီစုရွာဖျားအထိ ကားလမ်းဘေးဝဲယာ မြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်- ပုသိမ်ကားလမ်းဘေးဝဲယာတစ်လျှောက် ပိုက်ဆံလျှော်မျိုး​စေ့ထုတ်စိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုတွင် လယ်ဧက ၃၅၀ ဧကအားအကျိုးပြုမည့် ရှင်ပြန်မြောင်းမှ လယ်တီစုရွာဖျားအထိ ကားလမ်းဘေးဝဲယာ မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုအပေါ် အောင်ရေလုံလောက်စွာရရှိစေရေး သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ အဆိုပါမြောင်းသည် အရှည်၆၆၀၀ပေ၊အကျယ်၂၀ပေ၊ အနက်ပျမ်းမျှ ၇ပေရှိပြီး ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုတွင် မိုးစပါးရေကျနောက်စိုက်ဧက ၃၅၀အတွက်အောင်ရေနှင့်နွေစပါးစိုက်ပျိုးရန်အတွက်စိုက်ပျိုးရေနှင့်​ အောင်ရေလုံလောက်စွာသုံးစွဲနိုင်မှာဖြစ်ကြောင်းသိရသည်။

08-Dec-2023
2025 Ayeyarwady Division