ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ နွေစပါးရေရရှိရေးနှင့် ဧရာအားမာန် သမဝါယမအသင်းပိုင်လယ်မြေများအား နွေစပါးရေတိုးတက်ပေးဝေနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၉ ရက်​နေ့ နေ့လည်ပိုင်း၌ ဖျာပုံခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးရှိ ဇင်းဘောင်ရိပ်သာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ နွေစပါး ရေရရှိရေးနှင့် ဧရာအားမာန် သမဝါယမအသင်းပိုင်လယ်မြေများအား နွေစပါးရေတိုးတက်ပေးဝေ နိုင်ရေးအတွက် ဆောင်ရွက်နေမှုအပေါ် မေးမြန်းဆွေးနွေးခဲ့ရာ ဖျာပုံခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်းရှိ ဧရာအားမာန် သမဝါယ စိုက်ကွင်းများ နွေစပါး ရေရရှိရေးဆောင်ရွက်နေသည့် MDC-7 မြောင်းတူးဖေါ်နေမှု အခြေအနေများ နှင့် ဝါးချောင်းရေတံခါး အတွင်း ရေချိုလေလွင့်ဆုံးရှုံး မှု မရှိစေရန် ဆောင်ရွက် ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နွေးစပါးရေချိုရရှိရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ သီးထပ်စွမ်းအားတိုးတက်စိုက်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရေးတောင်သူများ၊ သမဝါယမအသင်းများ၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ နွေစပါးဧက ၁၀၀၀ ကျော်ခန့် အကျိုးပြုမည့် MDC-7 မြောင်း/ဖလက်မြောင်းသည် လုပ်ငန်းပမာဏ အလျား ၂၁၈၄၀ ပေ / ၁၆၉၆၈ ကျင်း ရှိပြီး ယနေ့ အထိ ၃၅၀၃ ပေ/ ၂၄၁၇ ကျင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး လုပ်ငန်းများအားလုံး နွေစပါးအောင်ရေအမီ ဇန်နဝါရီလ တတိယပတ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း နွေစပါး ရေချို ရေရှိစေရေးအတွက် အောက္ကဘာ ရေတံခါး ၊ မမိုးသူရေတံခါး စသော ရေသွင်းတံခါးများမှ သွင်းယူပေးပြီး ဝင်ရောက်လာသော ရေချိုများကို နွေစပါး စိုက်ပျိုးမည့် ဧရိယာများသို့ မြောင်းများ တူးဖေါ်ပေးလျက်ရှိရာ ဝင်ရောက်လာသော ရေချိုများဆုံးရှုံးမှု မရှိစေရန် ဝါးချောင်း ရေတံခါး မှ ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိပြီး ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း ယခင်နှစ် နွေစပါး ၆၈၀၀ ဧက စိုက်ပျိုးခဲ့ရာ ယခု နှစ် နွေကာလအတွင်း ပိုမိုစိုက်ပျိုးနိုင်မှာ ဖြစ်ကြောင်းသိရသည်။

19-Nov-2023
2025 Ayeyarwady Division