ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည​နေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဧရာ(က)အသင်းနှင့် ရွှေဧရာ(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအား လည်းကောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုလက်ရွေးစင်အသင်း၏ အမျိုးသားလေးယောက်တွဲ သရုပ်ပြကစားမှုအားလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဧရာ(က) အသင်းနှင့် ရွှေဧရာ(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအား လည်းကောင်းကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရွှေဧရာ(ခ)အသင်းမှ အားကစားသမားအား ငွေသားဆုကို တိုင်းရင်းသားရေးရာ ဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ရွှေဧရာ(ခ)အသင်းမှ အားကစားသမားများအား ငွေသားဆုကို လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေဧရာ(က) အသင်းမှ အားကစားသမားအား ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေဧရာ(က )အသင်းမှ အားကစားသမားများအား ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း ဆုများအသီးသီးချီးမြှင့် ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်ယောက်တွဲအမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲတို့ တွင်ပထမဆုရရှိသည့် ရွှေဧရာ(က)အမျိုးသမီးအသင်းနှင့်အမျိုးသားအသင်းတို့အား ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

18-Nov-2023
2025 Ayeyarwady Division