ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြံခင်းမြို့နယ်အတွင်းရှိ မိုးနေကြာစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ မိုးနေကြာစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သောကြာဒူးကျေးရွာ တောင်သူဦးကြည်ညွန့်၏ ဆင်းရွှေကြာ(၂)နေကြာ (၁.၅၀)ဧကစိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဆီဖူလုံရေးအတွက်နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက် ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့်အထွက်တိုးနေကြာမျိုးများစိုက်ပျိုးကြရန်လိုပါ ကြောင်း၊ ပိုးမွှားများ မကျရောက်စေရေးနှင့် အောင်မြင်စေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကာ တောင်သူများအား နေကြာမျိုးစေ့များနှင့် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်စုကျေးရွာ တောင်သူဦးစိုးသိန်း၏ ဆင်းရွှေကြာ(၂)နေကြာ( ၁)ဧကနှင့် မြေပဲ(၃)ဧကအားလည်းကောင်း၊ ရွှေကွင်းတောကျေးရွာတောင်သူဦးကြည်သန်း၏ နှမ်း(၀.၅၀)ဧကအားလည်းကောင်း ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်မှာကြားခဲ့သည်။

18-Nov-2023
2025 Ayeyarwady Division