ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကျုံကူးကျေးရွာနှင့်အနီးပတ်ဝန်းကျင်းကျေးရွာများမှဒေသခံပြည်သူများအားမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက်တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည်ယနေ့တွင် ကျုံကူးကျေးရွာအုပ်၊ကျုံကူးကျေးရွာသို့ရောက်ရှိ၍ ကျုံကူးကျေးရွာစိတ္တသုခဘုန်းတော်ကြီးကျောင်းတွင်အခြေပြု၍အနီးပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူ (၁၀၆၅)ဦးအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကြည့်ရှုအားပေးခဲ့ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးဝါးနှင့်ထောက်ပံ့ငွေများအားလည်းကောင်း၊ တိုင်းမှူးမှ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိတ္တသုခကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ၊ ဆေးကုသမှုဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ဆေးကုသမှုဆိုင်ရာရောဂါ (၃၄၀) ဦး၊ ခွဲစိတ်ရောဂါ (၈၇)ဦး၊ သားဖွား/ မီးယပ်ရောဂါ (၅၂)ဦး၊ ကလေးရောဂါ (၅၅)ဦး၊ အရိုးရောဂါ (၁၂၀ )ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ (၆၅)ဦး၊ မျက်စိရောဂါ (၂၄၇)ဦးနှင့် သွားနှင့်ခံတွင်းရောဂါ (၉၉)ဦးတို့အားဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းဖြင့်စမ်းသပ်စစ်ဆေးပေးခြင်း၊ ECG ဖြင့် နှလုံးစမ်းသပ်စစ် ဆေးပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်လူနာများအားရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ၄.၁၁.၂၀၂၃ရက် နေ့မှ ၅.၁၁.၂၀၂၃ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကုသပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

05-Nov-2023
2025 Ayeyarwady Division