ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြိုစုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

(၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြို စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲ၌ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများထောက်ပံ့ပေး အပ်ခဲ့ကြ သည်။(၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြို စုပေါင်း သွေးလှူဒါန်းပွဲတွင် တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်း(၅၄)ဦးတို့က သွေးများလှူဒါန်းခဲ့ကြကြောင်းသိရသည်။

03-Nov-2023
2025 Ayeyarwady Division