ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်  လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအနေဖြင့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ဒေသခံများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းအလမ်းများပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး မြို့ကြီးများတွင်လည်းဟိုတယ် လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းသည် လက်တွေ့အသုံးဝင်သကဲ့သို့ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသည်လည်း အမျိုးသမီးငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းများရှာဖွေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့သင်တန်းများကိုလည်း ပိုမိုဖွင့်လှစ် ပေးရန်လိုပါကြောင်းနှင့်  သင်တန်းသူများအနေဖြင့်လည်း မိမိတို့လေ့လာတတ်မြောက်သည့် ဘာသာရပ်အလိုက်ဖန်တီးမှုအသစ်များကို တီထွင်ကြံဆမှုများဖြင့် အောင်မြင်အောင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသည့် သင်တန်းသူများအား ထူးချွန်ဆုများအားလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်များနှင့်  အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ကျောင်းအုပ်ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ခင်းကျင်းပြသထားသော သင်တန်းသုံး သင်ထောက်ကူထောက်ပံ့ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၆)တွင်ဧည့်ကြိုသင်တန်း(၇)ဦး၊ အိပ်ခန်းဆောင်သင်တန်း (၇)ဦး၊ အစားအစာနှင့်အဖျော်ယမကာသင်တန်း(၇)ဦးဖြင့် စုစုပေါင်းသင်တန်းသူ(၂၁)ဦးအား သင်တန်းဆင်းပေးနိုင်ခဲ့ကာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)တွင် သင်တန်းသူ(၂၅)ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇)တွင် သင်တန်းသူ (၇)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

23-Oct-2023
2025 Ayeyarwady Division