ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ Founder (Yuki) (ရွှေနေခြည်) ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ  ရှင်စောမြတ်စေတီတော်ပရဝဏ်အတွင်း၌ နတ်စင်တစ်ရာဆရာတော်ဘုရားကြီးအား အမှူးထား၍ Founder (Yuki)(ရွှေနေခြည်) ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိာင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက စက်တင်ဘာလ ၁၆ ရက်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးလိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ နယ်လှည့်သစ္စာဓိဌာန်စတုဒီသာ နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာတေဇ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)ဆရာတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများနှင့် ဇနီးများက ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နတ်စင်တစ်ရာဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်စင်တစ်ရာဆရာတော်ဘုရားကြီးအား အမှူးထား၍ Founder (Yuki)(ရွှေနေခြည်) ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများအတွက် လက်ဆောင်ပစ္စည်းများနှင့် ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။

16-Sep-2023
2025 Ayeyarwady Division