ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီမြစ်မြစ်ကြောင်းပြောင်းလဲ၍ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားဖြစ်ပေါ်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲဲ့ ဝန်ကြီးချုပ်ဦးတင် မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဩဂုတ်လ ၂၇ ရက်နေ့မွန်းလွဲပိုင်းတွင် ဧရာဝတီမြစ်မြစ်ကြောင်းပြောင်းလဲ၍ မြစ်ရေတိုက်စားမှုကြောင့် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးတွင် ကမ်းပြိုကမ်းစားဖြစ်ပေါ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖောင်ဆိပ်ကျေးရွာအနီးတွင် ကမ်းပြိုကမ်းစားဖြစ်ပေါ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန တိုင်းဦးစီးမှူး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးတို့မှ မြစ်ရေတိုက်စားမှုသက်သာစေရေး မြစ်ရေ levelနှင့် တာဝိုင်းအတွင်းရေ level ကွာဟမှုမရှိစေရေး တာဝိုင်းအတွင်းရေသွင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ကမ်းပြိုကမ်းစားသက်သာစေရေး တစ်ဖက်ကမ်းရှိသောင်အားဖြတ်တောက်၍ မြစ်ကြောင်းပြောင်းလဲနိုင်ရေးဆောင်ရွက်မည့်အစီအမံများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများထိခိုက်မှုမရှိစေရေးကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့ကြောင်းသိရသည်။

28-Aug-2023
2025 Ayeyarwady Division