ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

င့် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းများဆောင်ရွက်လျက်ရှိရာ လိုအပ်မှုများရှိနေသေးပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများသောကြောင့် ဆိုင်ကယ် အများဆုံး အသုံးပြုလျက်ရှိရာ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် ဆိုင်ကယ်စီးဦးထုတ်များကိုစနစ်တကျမေးသိုင်းကြိုးတပ်ဆင်အသုံးပြုစေခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေခြင်း၊ သုံးယောက်စီးနင်းမောင်းနှင်မှု မရှိစေရေးနှင့် အရက်သေစာ သောက်စား၍မောင်းနှင်မရှိစေရေးတို့ကို စတင်ထွက်ခွာသည်နှင့် ကျေးရွာများအလိုက် စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများကိုသေချာစွာစစ်ဆေးဖော်ထုတ်ပြီး အလားတူဖြစ်စဉ်များ ထပ်မံ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေးဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့များ၊  အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်တိုက်မှုဖြစ်စဉ်များ ၅၀ ရာခိုင်နှုန်းလျော့ကျရေးအတွက် များများအသိပညာပေး၊ စစ်ဆေးအရေးယူသွားရန်လိုပါကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့က ၂၀၂၃ခုနှစ်၊ဇန်နဝါရီလမှ မေလအထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရ၊ သေဆုံးမှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေများ၊ အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းနောက် ကော်မတီအဖွဲ့ဝင်များနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အထွေထွေ တင်ပြဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

27-Jun-2023
2025 Ayeyarwady Division