ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနေမှုအားတိုင်းဒေသကြီးဝန်ကြီးချုပ်ကြည်ညိုအားပေး

၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာန (၆)ဌာနတွင် ကျင်းပဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်(ပုသိမ်စာဖြေဌာန)၌ ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၊  ဓမ္မာစရိယ၊ ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ (ပထမနေ့)ဖြေဆိုတော်မူနေသည့် သံဃာတော်များအား ကြည်ညိုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားတင်ပြခဲ့ပြီး ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်း၊ကွမ်း ဝေရာဝစ္စကိစ္စရပ်များအတွက် အလှူငွေများလှူဒါန်းခဲ့ကာ စာမေးပွဲဖြေဆိုနေမှုများအား ကြည်ညိုအားပေးခဲ့သည်။ အဆိုပါစာမေးပွဲအား ယနေ့မှ ဧပြီလ ၃ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ(ပထမနေ့)ဖြေဆိုတော်မူရန် ပုသိမ်၊ဟင်္သာတ၊မြောင်းမြ၊ဖျာပုံ၊ညောင်တုန်း၊မော်လမြိုင်ကျွန်းစာဖြေဌာနများ၌  ရဟန်း(၄၀၁)ပါးနှင့်သီလရှင်(၃၈) ပါး တို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။

21-Mar-2023
2025 Ayeyarwady Division