ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကျောင်းသူတစ်ဦးအား‌ သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။

ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် အရိုး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ခွဲစိတ်နှင့် မျက်စိပြင်ပလူနာများအား အထူးကုဆရာဝန်ကြီးများက ကြည့်ရှုစစ်ဆေးကုသပေးလျက်ရှိရာ လာရောက်၍ဆေးကုသမှုခံယူလျက်ရှိကြသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံအထောက်အကူပြုဆေးဆိုင်အားကြည့်ရှုစစ်ဆေးခဲ့ကာ လူနာများလိုအပ်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းများပြည့်စုံအောင်ထားရှိဆောင်ရွက်ရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရေးအတွက်  အမှိုက်ပုံးများစနစ်တကျထားရှိရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ အမှတ်(၄)စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးရုံတက်ရောက်ကုသ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားတစ်ဦးအား တွေ့ဆုံအားပေးခဲ့ပြီးအမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆိုနိုင်ရေးကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား စာစစ်ဌာန (၂၀၇)ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ (၁၉၂၀)ဦးနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၁၈၁၂၈)ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။

15-Mar-2023
2025 Ayeyarwady Division