ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ကွန်ကရစ်လမ်းခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀‌)ပေ၊ အကျယ် (၈)ပေအား ကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀‌)ပေ၊အကျယ်( ၈)ပေ အားကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းနှင့် လက်ယန်းတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျနှင့်အချိန်မီပြီးစီးစေရေးနှင့် ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ  အလျား ၁၇၀၀ပေ×အကျယ်၈ပေကွန်ကရစ်လူသွားလမ်းအား ရေရှည်ခိုင်ခံ့စေရေးနှင့် ပန်းအလှပင်များနှင့် မြက်ပင်များစိုက်ပျိုးနေမှုများ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျစိုက်ပျိုးထားရှိရေးနှင့် စိမ်းလန်းသာယာမှုရှိစေရေးတို့အား မှာကြားခဲ့သည်။

15-Mar-2023
2025 Ayeyarwady Division