ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်ခရိုင်အတွင်းပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက မအူပင်မြို့နယ်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲတီစိမ်း စိုက်ဧက(၁၅၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့သို့  ပဲတီစိမ်းစိုက်တောင်သူများမှ ပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်မြို့နယ်၊ဝါးတောကျေးရွာအုပ်စုရှိ တောင်သူဦးစန်းမြင့်၏ စိုက်ဧက(၈.၅၀) ဧက၍ GW.11 စပါးမျိုးနွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ လယ်ဧက၌နွေစပါးတစ်ဧကလျှင်ထွက်နှုန်းမှာ စပါးအခြောက် (၁၃၈.၇၅)တင်း နှုန်းထွက်ရှိခဲ့ကြောင်းသိရသည်။ ယင်းနောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်းသားပေါက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ငါး​သား​​ဖောက်လုပ်ငန်းများ​ဆောင်ရွက်​နေမှု၊ ငါးများမွေးမြူထားရှိမှု၊ဈေးကွက်အတွင်း ရောင်းချရသည့်ဈေးနှုန်းများနှင့် ပြည်တွင်းဈေးကွက်သို့ တင်ပို့ရန်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ပြည်တွင်းဈေးကွက် တင်ပို့ရောင်းချမှုအား စနစ်တကျမှတ်တမ်းရေးသွင်းထားရှိရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

11-Mar-2023
2025 Ayeyarwady Division