ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများ ဖွင့်ပွဲအား ယနေ့ညနေပိုင်းက ပြည်ထောင်စုကွင်း (ကန်သာယာ)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့နှင့်အတူဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးသည်။ ဦးစွာ ခရိုင်၈ခရိုင်မှ ခင်းကြင်းပြသထားသည့်ဒေသထွက်ကုန်ပြခန်းများ အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းသာမကပြည်ပစျေးကွက်များတွင် ထိုးဖောက်ဝင်ရောက်နိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကျနစေရေး၊ ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေးကြိုးစားကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက်ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစားမေးမြန်းဆွေးနွေးခဲ့ပြီးပြခန်း တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုမျအပေါ် လိုအပ်သည်များဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်ဒေသထွက်ကုန် ပြပွဲများအား ယနေ့မှစ၍ ဖေဖော်ဝါရီလ ၁၃ရက်နေ့နံနက်ပိုင်းအထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင်၈ခရိုင်မှပြခန်းများအပါအဝင် ပြခန်း(၆၂)ခန်းပါဝင်ပြသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူများနှင့်စည်ကားလျက်ရှိကြောင်းသိရသည်။

10-Feb-2023
2025 Ayeyarwady Division