ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်ရှိ မြို့၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဗိမာန်တော်များ၌ ဆရာတော်သံဃာတော်များ၊ ဝတ်အသင်းများမှ ​ပရိတ်​တော်များ ရွတ်ဖတ်ပူ​ဇော်​

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆မြို့နယ်ရှိ မြို့၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဗိမာန်တော်များ၌ ဆရာတော်သံဃာတော်များ၊ဝတ်အသင်းများမှ ​ ၂၆.၁.၂၀၂၃ ရက်​နေ့ ၀၈၀၀ နာရီအချိန်  ​ပရိတ်​တရားတော်များ ရွတ်ဖတ်ပူ​ဇော်​လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ပုသိမ်မြို့၊သာသနာ့ဗိမာန်တော်ကြီးတွင်လည်း ပရိတ်တော်များရွတ်ပွားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပခဲ့ပါသည်။ 

ဦးစွာ ပရိတ်အသင်းများက စိန်ရောင်ခြည်ဂာထာဖြင့် ဘုရားရှင်အားပင့်ဆောင်တော်မူပြီးနောက် နတ်ဗြဟ္မာများအားပင့်ဆောင်ခဲ့ကြသည်။ ထို့နောက် ဝတ်ရွတ်အသင်းမှ ပရိတ်တရားတော်များ ကိုရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကြသည်။ ထို့အတူ  တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်းဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဗိမာန်တော်များ၌ ဆရာတော်သံဃာတော်များ၊ဝတ်အသင်းများမှ ​   ​ပရိတ်​တရားတော်များအား ရွတ်ဖတ်ပူ​ဇော်​ခဲ့ကြကြောင်းသိရသည်။

26-Jan-2023
2025 Ayeyarwady Division