ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌  အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊သင်္ချာစွမ်းရည်ပြိုင်ပွဲအား ဒီဇင်ဘာလ ၄ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာမူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများ နှင့်အတူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား  ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲသည် တိုင်းဒေသကြီးအဆင့်ပြုလုပ်သောပြိုင်ပွဲဖြစ်ပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင်  အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲအား ယမန့်နေ့ကကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

05-Dec-2022
2025 Ayeyarwady Division