ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ပုသိမ်မြို့၊ ဘုရားကြီးကုန်းကျေးရွာရှိ ဘုရားကြီးကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာစရ (မဟာသဒ္ဓမ္မဇောတိကဓဇ)စျာပနသို့ သွားရောက်၍ အလှူငွေ (၃)သိန်းကျပ်ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၁၇.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ပုသိမ်မြို့၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ ဘုရားကြီးကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တအာစရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ သက်တော် (၈၀)၊ ဝါတော် (၆၀)၏ စျာပနသို့ သွားရောက်၍ ဆရာတော်ကြီး၏ စျာပနအတွက် အလှူငွေ (၃)သိန်းကျပ်အား ဘုရားကြီးကုန်းကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသထံ သွားရောက်လှူဒါန်းခဲ့ပါသည်။

17-Mar-2017
2026 Ayeyarwady Division