ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)သို့ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျှက် နိုဝင်ဘာလ ၂ ရက်နေ့က သာပေါင်းမြို့ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)သို့သွားရောက်၍ စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်း တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “သာပေါင်းအဆင့်မြင့်စက္ကူစက်ရုံနှင့် သတင်းစာ စက္ကူစက်ရုံသည် နိုင်ငံတော်အတွက် အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စက်ရုံပြန်လည် လည်ပတ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်းနှင့် စက်ရုံလည်ပတ်ပါက ကုန်ကြမ်းရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ယခင်စက်ရုံ လည်ပတ်စဉ်က လိုအပ်ချက်များဖြစ်သည့် ပျော့ဖတ်ထုတ်လုပ်မည့် ဝါးလိုအပ်ချက်အတွက်  တောင်သူများ၊ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား ဖိတ်ခေါ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကုန်ကြမ်းအခက်အခဲမရှိ ရရှိစေရေးအတွက် စီမံချက်များချမှတ်၍ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပွင့်လင်းကာလကို ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းရေးအား အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း”မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက္ကူစက်ရုံနှင့် သတင်းစာစက္ကူစက်ရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံမှူးက လည်ပတ်မှုအဆင့်ဆင့်နှင့် ထုတ်လုပ်မှုအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်းပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်မျာကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

02-Nov-2022
2025 Ayeyarwady Division