ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ပြဇာတ်ကြီးတပ်စု) ဖျော်ဖြေပွဲကြည့်ရှုအားပေး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ပြဇာတ်ကြီးတပ်စု)က ပြဖျော်ဖြေပွဲကို အောက်တိုဘာလ (၁၈) ရက်နေ့ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များနှင့်၎င်းတို့၏မိသားစုဝင်များနှင့် ဒေသခံပြည်သူပွဲကြည့်ပရိတ်သတ်များတက်ရောက်အားပေးကြပါသည်။

ဦးစွာ စစ်သည်၊ စစ်သမီးများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြမှုများ၊ မျက်လှည့်လက်လှည့်တင်ဆက်မှုများ၊ တစ်ခန်းရပ်ဟာသ တင်ဆက်မှုများနှင့် အငြိမ့်တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ စစ်သည် စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းနှင့် ဆုတော်ငွေများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

19-Oct-2022
2025 Ayeyarwady Division