ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်ကြီး၏ ရင်ပြင်တွင် ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီသည် (၁၂.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်ကြီး၏ ရင်ပြင်တွင် ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ ဆက်ကပ်လောင်းလှူပြီး စေတီတော်ရင်ပြင်တန်ဆောင်း၌ စတုဒိသာကျွေးမွေးနေမှုအား လှည့်လည်ကြည့်ရှုပြီး ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာတော် အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဆရာတော်အရှင်သူမြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆံတော်ရှင် မြတ်မော်တင်စေတီတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဝန်ကြီးချုပ်မှ အလှူငွေကျပ် (၅)သိန်းနှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌမှ အလှူငွေ (၅)သိန်းတို့အား ဂေါပကအဖွဲ့၊ ဥက္ကဌထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးဖောင်တော်ရေမျှောပူဇော်ခြင်းနှင့် နဂါးစာကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

13-Mar-2017
2025 Ayeyarwady Division