ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr.Hong ဦးဆောင်သောအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီသည် (၉.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိတိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်မြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr.Hong ဦးဆောင်သောအဖွဲ့ဝင်များအား ဝန်ကြီးချုပ်၏ဧည့်ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

09-Mar-2017
2025 Ayeyarwady Division