ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးသည့်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်‌ဆေးသည့်အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်များ  တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၂၃ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား စခန်းသွင်းလေ့ကျင့်ပေးလျှက်ရှိရာ ပြိုင်ပွဲဝင်မည့်ပုံစံအတိုင်း အရည်အချင်း စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ လေ့ကျင့်သား ပိုမိုပြည့်ဝလာသည်နှင့် ဆုတံဆိပ်များ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း ကျန်းမာရေးကိုလည်း အထူးဂရုပြုနေထိုင်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊အက၊အရေး၊အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏အနုပညာစွမ်းရည်အား အစွမ်းကုန်ဖော်ထုတ်၍ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူနိုင်ပါစေကြောင်း”ပြောကြားသည်။

ဆက်လက်၍ (ဝါသနာရှင် ဒုတိယတန်း (အဆို)မဟာဂီတ)၊ (ဝါသနာရှင် ပထမတန်း(တစ်ဦးချင်းအက))၊ (အဆင့်မြင့်ပညာရှင်(အတီး)ဂီတာ၊မယ်ဒလင်)၊(ဝါသနာရှင်ပထမတန်း(ဆိုင်းအဖွဲ့လိုက်)(ကျား)၊ (ဝါသနာရှင်ဒုတိယတန်း(ဆိုင်းအဖွဲ့လိုက်)(မ)နှင့် (ဝါသနာရှင် ဒုတိယတန်း(အတီး)မယ်ဒလင်)တို့၏ အရည်အချင်းစစ် အနုပညာစွမ်းရည်များပြသခဲ့ကြပြီး အကဲဖြတ်ဒိုင်များက တစ်ဦးချင်းပြည်လည်သုံးသပ်ဆွေးနွေးခဲ့တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

26-Sep-2022
2025 Ayeyarwady Division