ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့ည‌နေပိုင်းက ပြုလုပ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ရေးနာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဗဟိုအဆင့်သို့သွားရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ဗဟိုပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုများရရှိနိုင်ရေးတို့အတွက်ခရိုင်အဆင့်ပြိုင်ပွဲများကျင်းပပြုလုပ်၍ ဆုရရှိသူများရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်မှုများဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင်အောင်မြင်မှုရရှိနိုင်ရန်အတွက် လေ့ကျင့်ချိန်များများရရှိစေရေး၊ လေ့ကျင့်သားပြည့်ဝစေရေး စနစ်တကျပြင်ဆင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ကျန်းမာရေး အထူးဂရုပြု နေထိုင်ရန်နှင့် စခန်းသွင်းလေ့ကျင့်ချိန်တွင် စနစ်တကျလေ့ကျင့်သင်ကြားပေး၍ အကောင်းဆုံးယှဉ်ပြိုင်အောင်မြင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန်လိုပါကြောင်း၊လုပ်ငန်းကော်မတီများကလည်း မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ”ပြောကြားသည်။

ဆက်လက်၍(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့သွားရောက် ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းကော်မတီ များအလိုက်အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

20-Sep-2022
2025 Ayeyarwady Division