ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်း-သဲဖြူ-မကျီးဇင်လမ်းဖောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်း-သဲဖြူ-မကျီးဇင်လမ်း ဖောက်လုပ်နေမှုအား ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေကြီးဝန်ကြီးချုပ်အား ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူးက ယာယီရှင်းလင်းဆောင်၌ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ကြက်သွန်ကွင်း-သဲဖြူ-မကျီးဇင်လမ်းပေါ်ရှိ Box Culvert နှင့်တံတားလုပ်ငန်းဆောင်ရွက်မှုများ၊ဘဏ္ဍာရေးနှစ်အလိုက် ကွန်ကရစ်လမ်း၊ မြေသားလမ်းနှင့် ခွဲကျောက်ထုအခြေခံလွှာ ခင်းကျင်းပြီးစီးမှုများအား ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်အရည်အသွေး စံချိန်စံညွှန်များနှင့်အညီ အလေးထားဆောင်ရွက်စေရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ်များတွင် လမ်းပိုင်းအလိုက် အချိန်မီပြီးစီးစေရေး၊ အောက်ခြေခွဲကျောက်ထုထည်ခိုင်မာစေရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ လမ်းအရည်အသွေး ပြည့်မီစေရေးတို့အား မှာကြားခဲ့ပြီး ကွန်ကရစ်လမ်းခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

31-Jul-2022
2025 Ayeyarwady Division