ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အိမ်မဲမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ အမှတ်(၈)လမ်း၊ ချောင်းဝရပ်ကွက်တွင် ကျင်းပပြုလုပ်သည့် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး (၁၈ပေ×၄၅ပေ)RC နှစ်ထပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ရွှေပြည်တန်ခန်းမတွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  အိမ်မဲမြို့နယ်တွင်လူဦးရေ ထက်ဝက်ကျော်မှာ ကရင်တိုင်းရင်းသားများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းပြီး ရေခံမြေခံကောင်းမွန်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်ရောက်စေရေး မိဘများက ဝိုင်းဝန်းဆောက်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ ယခုကာလတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုအနည်းငယ်ရှိလာ၍ သွေးလွန်တုပ်ကွေးအပါအဝင် ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေးကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ဖုံး၊သွန်၊ လဲ၊ စစ်စသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံ တိုင်းရင်းသားအားလုံးက ချစ်ကြည်ရင်းနှီးစွာ အတူတကွ  ပူးပေါင်းဆောင််ရွက်ပေးကြရန်ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မှ ကျေးဇူးတင်ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

10-Jul-2022
2025 Ayeyarwady Division