ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ်(ပုသိမ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်‌ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပါသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသားကျောင်းသူများမှ မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာ" လူငယ်မောင်မယ်များသည် အဆင့်မြင့်ပညာရပ်များလေ့လာသင်ယူပြီး နိုင်ငံ့အကျိုးအတွက်ထမ်းဆောင်ရန် ရည်ရွယ်ချက်များဖြင့် နည်းပညာတက္ကသိုလ်ကြီးသို့ရောက်ရှိလာကြခြင်းဖြစ်၍ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊ တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ်အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး အားဖြည့်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပညာခေတ်၊ နည်းပညာခေတ်ဖြစ်၍ ဆရာ၊ဆရာများ၏ သင်ကြားပို့ချမှုများကိုစနစ်တကျ မှတ်သားနာယူပြီး လက်တွေ့လေ့လာချက်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် တိုင်းဒေသကြီး၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့်သားကောင်း၊ သမီးကောင်းများ၊ပညာရှင်များဖြစ်အောင်ကြိုးစားကြရန်လိုပါကြောင်းပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(ပုသိမ်) ဒုတိယပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်များ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

08-Jul-2022
2025 Ayeyarwady Division