ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်နှင့် မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ကျုံပျော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲတက်ရောက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲတက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါ ရုံးဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရုံးလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရုံးသုံးပစ္စည်းများ၊ ပရိဘောပများ စည်းကမ်းတကျကိုင်တွယ်အသုံးပြုစေရေး မှာကြားခဲ့သည်။

01-Jul-2022
2025 Ayeyarwady Division