ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီသည် (၂၈.၂.၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ Shan Dong Hfarbour Engineering Group Co.Ltd တာဝန်ရှိသူများမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း Sea Port ဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုအား လက်ခံတွေ့ဆုံခဲ့ပါသည်။