ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီသည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ တိုင်းဒေသကြီးမသန်စွမ်းသူများ ဧရာဝတီတိုင်းဒေသကြီးရုံး၏ (၇)နှစ်မြောက်ပညာသင်စရိတ်၊ အထောက်အကူပြုပစ္စည်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၂၇.၂.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ တိုင်းဒေသကြီးမသန်စွမ်းသူများ ဧရာဝတီတိုင်းဒေသကြီးရုံး (၇)နှစ်မြောက် ပညာသင်စရိတ်၊ အထောက်အကူပြုပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းကလေးသူငယ်များအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပါသည်။ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့က မသန်စွမ်းသုံးအထောက်အကူပြုပစ္စည်း များကို မသန်စွမ်းသူများထံပေးအပ်ပါသည်။

အလှူရှင်များက မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ဧရာဝတီတိုင်းဒေသကြီးရုံးသို့ အလှူငွေများပေးအပ်လှူဒါန်းရာ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းရုံး၏ ဥက္ကဌ ဦးမြတ်ဦးနှင့် အတွင်းရေးမှူး ဦးအေးကိုကိုတို့က လက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ နာယက ဦးဝင်းထွန်းက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပါသည်။

27-Feb-2017
2026 Ayeyarwady Division