ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးသည် ပုသိမ်ပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်သည့်(၁၉)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးသည် (၂၃.၂.၂၀၁၇)ရက်နေ့တွင် ပုသိမ်မြို့၊ ပုသိမ်ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၉/၁၄) ဒုတိယနှစ်၏ (၁၉)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းခွင်ဝင်ရောက်မည့် သင်တန်းဆင်းကျောင်းသား/သူများက ဆရာများခံယူအပ်သော သစ္စာအဓိဌာန်(၆)ချက် ရွတ်ဆိုခဲ့ကြကာ တာဝန်ရှိသူများမှ သင်တန်းဆင်းဒီပလိုမာအောင်မြင်ပြီးသူ (၃၅၅)ဦးအား အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

24-Feb-2017
2026 Ayeyarwady Division