ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် (၂၄.၂.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတို့နှင့်အတူ Power Of Success Co.Ltd တာဝန်ရှိသူများမှ ဧရာ၀တီတိုင်းဒေသကြီးအတွင်း GSM Antenna တပ်ဆင်အသုံးပြုနိုင်သော လျှပ်စစ်မီးတိုင်လှူဒါန်းရန်ကိစ္စနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုအား လက်ခံတွေ့ဆုံခဲ့ပါသည်။